ASASSN-15lh | |
---|---|
လေ့လာရေး ဒေတာ (Epoch J2000) | |
ဆူပါနိုဗာ အမျိုးစား | ဆူပါနိုဗာ SLSNe (Type Ic) |
မိခင် ဂလက်ဆီ | APMUKS(BJ) B215839.70−615403.9 |
ကြယ်စုတန်း | အင်းဒတ် |
ညာဘက်တိမ်းစောင်းမှု | 22° 2′ 15.45″[၁] |
နိမ့်ဆင်းမှု | −61° 39′ 34.64″[၁] |
တွေ့ရှိရက်စွဲ | ၂၀၁၅ ဇွန် ၁၅ |
မြင်သာသောအရွယ်အစား (V) | ၁၆.၉ |
အနီရောင်အရွေ့ | z=၀.၂၃၂၄ |
အကွာအဝေး | ၁၁၇၁ Mpc ( ၃.၈၂ Gly) |
အမည်နာမများ | |
SN 2015L |
ASASSN-15lh (ဆူပါနိုဗာ အမည် SN 2015L[၂]) သည် တောက်ပသည့် နက္ခတ္တအရာဝတ္ထုဖြစ်ကာ ကနဦးတွင် အင်မတန်တောက်ပသည့် ဆူပါနိုဗာဟု တွေးခဲ့ကြသည်။ ယင်းအား All Sky Automated Survey for SuperNovae (ASAS-SN) အဖွဲ့က ၂၀၁၅ ခုနှစ်တွင် အင်းဒတ် ကြယ်စုတန်း၌ ၁၄ လက်မရှိ တယ်လီစကုပ်ဖြင့် ခြေရာခံမိခဲ့သည်။[၃] ရှာဖွေတွေ့ရှိမှုအား ASAS-SN အဖွဲ့က အခြားသော တယ်လီစကုပ်ပေါင်းများစွာဖြင့် အတည်ပြုခဲ့ပြီး[၁] Science ဂျာနယ်၌ ပုံနှိပ်ဖော်ပြခဲ့သည်။[၄] အခြားသော မြေပြင်အခြေစိုက် လေ့လာသူများက ယင်းသည် လည်ပတ်နေသော မဟာတွင်းနက်ကြီးဖြစ်ပြီး ထုထည်နည်းကြယ်အား ဖျက်ဆီးပစ်သည်ဟု အဆိုပြုခဲ့သည်။[၅][၆]
အကယ်၍ ဆူပါနိုဗာ ASASSN-15lh သည် အတောက်ပဆုံးဖြစ်ပါက ယင်းသည် နဂါးငွေ့တန်း ဂယ်လက်ဆီထက် အဆပေါင်း ၅၀ ပိုမိုတောက်ပမည်ဖြစ်သည်။[၇] စွမ်းအင်မှာ နေထက် အဆပေါင်း ၅၇၀ ဘီလီယံ ပိုမိုများပြားလှသည်။[၈][၉] ဆူပါနိုဗာ၏ အနီရောင်အရွေ့သည် ၀.၂၃၂၆ ရှိပြီး [၄] ကမ္ဘာမြေမှ အလင်းနှစ် ၃.၈ ဘီလီယံခန့် ဝေးကွာသည်။[၉] အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ Krzysztof Stanek ၏ အဆိုအရ အကယ်၍ ယင်းဆူပါနိဗာသည် မိမိတို့ဂယ်လက်ဆီအတွင်း ဖြစ်ပွားခဲ့ပါက ညဘက်ဟူသည် မရှိတောဘဲ လပြည့်ဝန်းထက် ပိုမိုတောက်ပကာ နေ့ခင်းဘက်၌ပင် လွယ်ကူစွာ မြင်ရမည်ဟုဆိုသည်။[၁၀]