Bluegrass | |
---|---|
ဖန်တီးသူ သို့ ဇာတိ | |
ယဉ်ကျေးမှု ဇာတိ | c. 1948, အမေရိကန်ပြည်ထောင်စု |
တူရိယာ | |
အမျိုးအစားခွဲများ | |
Progressive bluegrass – Traditional bluegrass | |
ပေါင်းစပ်အမျိုးအစားများ | |
Jam band | |
Regional scenes | |
Czech bluegrass | |
အခြား ခေါင်းစီး | |
Musicians – Hall of Honor |
Bluegrass ဂီတသည် အမေရိကန်ဂီတဇစ်မြစ်မှ ပုံစံတစ်မျိုးဖြစ်ပြီး country ဂီတနှင့် ဆက်စပ်သော အမျိုးအစားတစ်မျိုးဖြစ်သည်။ Appalachia ဂီတလွှမ်းမိုးခဲ့သည်။[၁] Bluegrass သည် အိုင်ယာလန်၊ စကော့တလန်၊ ဝေလနှင့် အင်္ဂလိပ်ဇစ်မြစ်မှ ရောနှောထားသည်။ နောက်ပိုင်းတွင် Jazz အစိတ်အပိုင်းတို့ဖြင့် အာဖရိကန်၊ အမေရိကန်တို့၏ ဂီတလွှမ်းမိုးမှုကို ခံခဲ့ရသည်။ ၁၈ရာစုအတောအတွင်းတွင် ဗြိတိန်နှင့်အိုင်ယာလန်တို့ အခြေချလာပြီးနောက် သူတို့၏ဒေသမှ ဂီတဆိုင်ရာ ရိုးရာဓလေ့များကို သူတို့နှင့် အတူ ယူဆောင်လာခဲ့ကြသည်။ ထိုရိုးရာအမွှေအနှစ်များတွင် အများအားဖြင့် အင်္ဂလိပ်နှင့် စကော့တလန်သီချင်းများ ပါဝင်သည်။ တယောများဖြင့် ပေါင်းစည်းထားသည်။ bluegrass သီချင်းဟောင်းအများစုသည် ဗြိတိန်နှင့် အိုင်ယာလန်မှ တိုက်ရိုက်ဆင်းသက်လာစေခဲ့သည်။ တေးသွားနှင့် စာသားများနှင့်အတူ အင်္ဂလိပ် ရိုးရာတေးသီချင်းများကို ထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်သည်။ တချို့ bluegrass တယောသီချင်းများသည် Appalachia နယ်ပယ်တွင် ကျော်ကြားလာခဲ့သည်။ Leather Britches နှင့် Pretty Polly အစရှိသဖြင့် ဖြစ်သည်။ တိကျသော blue grass သီချင်းမြောက်အမေရိကန်တွင် ဖြစ်ပြီး I Wish My Baby Was Born ဟုအသိများသည်။
Bluegrass တွင် jazz ပုံစံများပါရှိပြီး တစ်ခုသို့ တစ်ခုထက်ပိုသော တူရိယာများဖြင့် ရေးစပ်ထားသည်။ အထူးသဖြင့် ထိုဂီတသံများကို breakdowns ဟုခေါ်သည်။ old-time ဂီတနှင့်အတူ ယှဉ်ပြိုင်လျက်ရှိသည်။ Breakdown သည် လျင်မြန်သောအရှိန်နှင့် chord အပြောင်းအလဲများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ ရိုးရာ bluegrass တွင် ဂီတသမားများသည် folk သီချင်းများကို တေးသွားနှင့် chord progression နှင့် acoustic တူရိယာများဖြင့် တီးခတ်ကြသည်။ Bill Monroe, Progressive Bluegrass များသည် လျှပ်စစ်တူရိယာများ အသုံးပြုထားပြီး rock & roll မျိုးခွဲများဖြစ်သည်။ Bluegrass gospel သည် တတိယမျိုးခွဲများမှ ပေါ်ထွက်လာခဲ့သည်။ ခရစ်ယာန်ဘာသာရေး စာသားများပါဝင်ပြီး စည်းဝါးကိုက်စွာ သီဆိုကြသည်။ bluegrass ကမ္ဘာထဲမှ ဖွံဖြိုးတိုး တက်လာသော အမျိုးအစားတစ်ခုမှာ Neo-traditional bluegrass ဖြစ်ပြီး The Grascals နှင့် Moutain Heart အစရှိသောတီးဝိုင်းများသည် ထိုမျိုးခွဲမှ ပေါ်ထွက်လာခဲ့သည်။