Christian metal | |
---|---|
ဖန်တီးသူ သို့ ဇာတိ | Jesus music, Christian rock, heavy metal, psychedelic rock, blues rock, hard rock |
ယဉ်ကျေးမှု ဇာတိ | ၁၉၇၀ ခုနှစ်များနှောင်းပိုင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဆွီဒင်နိုင်ငံ |
တူရိယာ | လျှပ်စစ်ဂစ်တာ၊ ဘေ့စ်ဂစ်တာ၊ ဒရမ်၊ အဆိုရှင်များ |
ပေါင်းစပ်အမျိုးအစားများ | |
Unblack metal | |
Regional scenes | |
|
Christian Metal ကို White Metal ဟုလည်းသိကြပြီး Heavy Metal ဂီတအမျိုးအစားလည်းဖြစ်သည်။ သီချင်းစာသားများမှာ တီးဝိုင်းအဖွဲ့ဝင်များကို ခရစ်ယာန်ဘာသာသို့ ရည်စူးသော စကားလုံးများဖြစ်သည်။ Christian Metal သည်ထုံးစံအတိုင်း ဘာသာရေးယုံကြည်ချက်ကို ခရစ်ယာန်ဘာသာဝင်များအတွက် ကြေညာခြင်းဖြစ်သည်။ အဓိကအားဖြင့် Heavy Metal ဂီတ နားထောင်သော ခရစ်ယာန်ဘာသာဝင်များအတွက် ခရစ်ယာန်ကွန်ယက် (Christian Network) များအကြားဖြတ်၍ မကြာခဏ ထုတ်ဝေဖြန့်ချိကြသည်။ Christian Metal တီးဝိုင်းများသည် Heavy Metal ဂီတ၏မျိုးအစားများကြားထဲတွင် တည်ရှိသည်။ ၎င်းဂီတသည် အကောင်းဘက်မြင်သော သီချင်းစာသားများပါရှိသည်။ Christian Metalကို ၁၉၇၀ နောက်ပိုင်းတွင် ပေါ်ထွက်လာပြီး အခြားဘာသာဝင်များကို ခရစ်ယာန်ဘာသာသို့ ကူးပြောင်းရင်း Heavy Metal ဂီတပိုမိုကျယ်ပြန့်စေရန် ရည်ရွယ်သည်။ American တီးဝိုင်းများဖြစ်သည့် Resurrection, Petra နှင့် ဆွီဒင်တီးဝိုင်း Jerusalem တို့မှတီထွင်ခဲ့ကြသည်။ California မှ Santa Ana မြို့မှ Stryper တီးဝိုင်းသည် ၁၉၈၀တွင် အောင်မြင်မှုများရရှိခဲ့သည်။ California မှ Tournique တီးဝိုင်းနှင့် Australia မှ Mortification တီးဝိုင်းတို့သည် ၁၉၉၀ ခုနှစ်တွင်ဦးဆောင်နိုင်ခဲ့သည်။ Rap Metal အုပ်စု P.O.D နှင့် Metalcore အုပ်စု Underoath, Demon Hunter, As I Lay Dying နှင့် Norma Jean တို့သည် ၂၁ရာစု၏ပထမဆယ်စုနှစ်တွင် ဂီတလမ်းကြောင်းပေါ်သို့ယူဆောင်လာနိုင်ခဲ့သည်။