Crust punk

Crust punk (crust) သည် anarcho-punk, hardcore punk နှင့် extreme metal လွှမ်းမိုးမှုတို့မှ ဂီတပုံစံတစ်မျိုးဖြစ်သည်။ ဤပုံစံသည် ၁၉၈၀အလယ်တွင် အင်္ဂလန်မှ ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ သီချင်းစာသားများသည် နိုင်ငံရေးနှင့် လူမှုရေးမကောင်းမြင်ဝါဒဖြင့် ရေးထားခြင်းဖြစ်သည်။ crust ဟူသော ဝေါဟာရကို Hellbastard တီးဝိုင်း၏ ၁၉၈၆ album “Ripper Crust” demo တွင်တွေ့ရသည်။ crust သည် bassy (သို့) dirty sound များဖြစ်သည်ဟုဆိုသည်။ မြန်သော tempoများနှင့် တီးခတ်ကြသည်။ အဆိုမှာ လည်ချောင်းသံဖြင့် မာန်ဖီဟိန်းဟောက်သံ(သို့) စူးရှသံများဖြင့် သီဆိုကြသည်။ ဝေါဟာရနှင့် ပတ်သက်၍ Hellbastard, Amebix တို့၏မှုရင်းပုံစံဟု ဖော်ပြကြသည်။


From Wikipedia, the free encyclopedia · View on Wikipedia

Developed by Nelliwinne