Grim Sleeper | |
---|---|
မွေးဖွား | Lonnie David Franklin Jr. ဩဂုတ် ၃၀၊ ၁၉၅၂ လော့စ်အိန်ဂျယ်လိစ်မြို့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
အခြား အမည်များ | Grim Sleeper Southside Slayer 25 Auto Killer |
ရာဇဝတ်ပြစ်ဒဏ် | သေဒဏ် |
သားသမီး | ၂ |
အသေးစိတ်များ | |
သားကောင်များ | သားကောင် ၁၀-၂၅+ ၊ လွတ်မြောက်သူ ၁ ဦး |
မှုခင်းကာလ | ၁၉၈၅–၂၀၀၇ |
နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
ပြည်နယ် (များ) | ကယ်လီဖိုးနီးယားပြည်နယ် |
ဖမ်းဆီးရက်စွဲ | ဇူလိုင် ၇၊ ၂၀၁၀ |
Lonnie David Franklin Jr. (၃၀ ဩဂုတ် ၁၉၅၂ မွေးဖွား) ကို Grim Sleeper အမည်ဖြင့် ပိုမိုလူသိများသည်။ သူသည် စီရင်ချက်ချထားပြီးသော အမေရိကန် ကွင်းဆက်လူသတ်သမားတစ်ဦးဖြစ်ကာ ပြစ်ဒဏ်ကျခံရန် စောင့်ဆိုင်းလျက်ရှိသူ ဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်ရန် ကြိုးပမ်းမှုတစ်ခုနှင့် အနည်းဆုံး လူသတ်မှု ၁၀ မှုတို့ကို ပြုလုပ်ခဲ့သူ ဖြစ်သည်။[၁][၂][၃] ၁၉၈၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ၁၄ နှစ်ကြာ ရာဇဝတ်မှုများမှ အနားယူခဲ့သည်ဟု ယူဆရခြင်းကြောင့် သူ၏ အမည်ပြောင်ကို ရရှိခဲ့သည်။[၄]
၂၀၁၀ ခုနှစ် ဇူလိုင်လတွင် ဖရန့်ကလင်းကို သံသယရှိသူအဖြစ် ဖမ်းဆီးခံခဲ့ရကာ နှောင့်နှေးမှုများစွာပြီးနောက် သူ၏ အမှုကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သည်။ အမျိုးသမီး ကိုးဦးနှင့် ဆယ်ကျောက်သက် မိန်းကလေးတစ်ဦးတို့အား သတ်ဖြတ်မှုဖြင့် သူ့အား ၂၀၁၆ ခုနှစ် မေလ ၅ ရက်နေ့တွင် စီရင်ချက်ချခဲ့သည်။[၅][၆] ၂၀၁၆ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဂျူရီက သေဒဏ်ချမှတ်ရန် အကြံပြုခဲ့ပြီး[၇] ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် လော့စ်အိန်ဂျယ်လိစ် အထက်တရားရုံးက စီရင်ချက်တွင် ဖော်ပြထားသော သားကောင်တစ်ဦးချင်းစီအတွက် သေဒဏ်ချမှတ်ခဲ့သည်။[၈]