Hard rock

Hard rock သည် rock ဂီတ၏ မရေရာသော ဂီတမျိုးခွဲတစ်ခုဖြစ်ပြီး garage, psychedelic နှင့် blues rock တို့ ရွေ့လျားမှုနှင့်အတူ ၁၉၆၀ အလယ်တွင် စတင်ခဲ့သည်။ စံနှုန်းအတိုင်း ဆူညံသောအဆိုပုံစံ၊ distorted electric guitars, bass guitar, drum နှင့် တစ်ခါတစ်ရံတွင် စန္ဒယားနှင့် keyboard များပါဝင်သည်။ The Who, Led Zeppelin, AC/DC နှင့် Van Halen စသောတီးဝိုင်းတို့နှင့် အတူ hard rock သည် ၁၉၇၀တွင် ရေပန်းစားခဲ့သော ဂီတထဲ ဖွံ့ဖြိုးတိုးတက်ခဲ့သော အဓိကမေဂျာတစ်ခုဖြစ်သည်။ ၁၉၈၀ အတောအတွင်းတွင် တချို့မှာ hard rock သံစဉ်များသို့ ပြန်လည်လှည့်ပတ်နေစဉ်တွင် တချို့ hard rock တီးဝိုင်းများသည် သူတို့၏ hard rock အရင်းအမြစ်ထဲမှ pop rock ဆီသို့ ဦးတည်ခဲ့သည်။ တည်ထောင်ခဲ့သော တီးဝိုင်းများသည် ၁၉၈၀အလယ်တွင် ပြန်လည်၍ glam metal တီးဝိုင်းများဖြစ်သော Bon Jovi နှင့် Def Leppard နှင့် Guns N’ Roses တို့နှင့်အတူ စီးပွားရေးထိပ်ဖျားသို့ ရောက်ရှိသည်။ ၎င်းတို့သည် ဆယ်စုနှစ်နောက်ပိုင်း၏ အောင်မြင်မှုဆီသို့ လိုက်ခဲ့ကြသည်။ hard rock သည် ၁၉၉၀ R&B, hip-hop, Urban pop, grunge နှင့် Britpop နောက်ပိုင်းတွင် စီးပွားရေးအောင်မြင်မှုတို့နှင့်အတူ လူကြိုက်များမှု လျော့နည်းခဲ့သည်။ သို့သော် post-grunge တီးဝိုင်းများသည် hard rock သံစဉ်ကို မွေးစားခဲ့ပြီး ၂၀၀၀ခုနှစ်တွင် တည်ထောင်ခဲ့သော တီးဝိုင်းများကို ပြန်လည်၍ စိတ်ဝင်စားခဲ့သည်။ garage rock နှင့် post-punk revival ဖြစ်ရပ်မှ hard rock တီးဝိုင်းများ ပေါ်ထွက်လာခဲ့သည်။ garage rock တီးဝိုင်းဖြစ်သော The White Stripes, The Strokes, Interpol နှင့် The Black Keys တို့သည် ထိုရွှေ့လျားမှုပြီးနောက် ပေါ်ထွက်လာခဲ့သည်။ ၂၀၀၀တွင် ၁၉၇၀နှင့် ၁၉၈၀ မှ hard rock တီးဝိုင်းအနည်းစုသည် မြင့်မားသော အောင်မြင်သော မှတ်တမ်းများကို ဆက်လက်စီမံထောက်ပံ့ခဲ့သည်။  


From Wikipedia, the free encyclopedia · View on Wikipedia

Developed by Nelliwinne