ဆော့ဖ်ဝဲလ်ရေးသူ(များ) | Microsoft |
---|---|
ပထမဆုံး ဖြန့်ချိခြင်း | October 2015 (as Arrow Launcher) |
တည်ငြိမ်သောထုတ်ပြန်မှု | 5.10.0.55723 နိုဝင်ဘာ ၄၊ ၂၀၁၉[၁]
|
အစမ်းထုတ် | 5.9.0.54736 အောက်တိုဘာ ၁၀၊ ၂၀၁၉[၂]
|
ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် | Android 4.2 and later |
ဆိုဒ် | 36.9 MB |
ဆော့ဖ်ဝဲလ် အမျိုးအစား | Application launcher |
ဝက်ဘ်ဆိုဒ် | microsoft.com/launcher |
Microsoft Launcher (ယခင်- Arrow Launcher) သည် မိုက်ခရိုဆော့မှတီထွင်ထားသည့် ပေါ့ပါးမြန်ဆန်ကာ ရိုးစင်းသည့် Launcher အပ်ပလီကေးရှင်းတစ်ခု ဖြစ်သည်။ ၎င်းသည် အန်းဒရွိုက်မိုဘိုင်းပလက်ဖောင်းတွင် အလုပ်လုပ်သည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် အစမ်းဗားရှင်းအနေဖြင့် ထုတ်လုပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ဂူဂဲပလေးစတိုးသို့ တင်ခဲ့သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ မိုက်ခရိုဆော့ အကောင့်မှတဆင့် အသုံးပြုသူများအား ဝင်းဒိုးနှင့် Office-themed applications များကို အာရုံစိုက်မှု ရရှိနိုင်ရန် ဖြစ်သည်။[၃] [၄][၅][၆]
ဤအက်ပလီကေးရှင်းသည် feed များကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ကိုယ်ပိုင်အချက်အလက်များဖြစ်သည့် a news feed, to-do lists, calendar events, recent activity နှင့် အစရှိသည်များကို စိတ်ကြိုက်ပြင်ဆင်ခွင့် ရှိသည်။ ဖုန်းစခရင်၏ အောက်မှအထက်သို့ ပွတ်ဆွဲပါက ဖုန်းအတွင်း ထည့်သွင်းထားသည့် အက်ပလီကေးရှင်းများ၏ shortcut များကို ပြသမည် ဖြစ်သည်။ ထို့အပြင် အပေါ်ဘက်၌ ရှာဖွေနိုင်မည့် ဘားတစ်ခု ပါဝင်ကာ ထိပ်ဆုံးတွင်လည်း မကြာသေးမီက ထည့်သွင့်ထားသည့် အပ်များကို ပြသထားသည်။ ဤ Launcher အက်ပလီကေးရှင်းသည် မိုက်ခရိုဆော့မှ ထုတ်လုပ်ထားသည့် အခြားအန်းဒရွိုက်ဆော့ဝဲများနှင့် တွဲဖက်ကာ အလုပ်လုပ်ဆောင်သည်။"Continue on PC" ကဲ့သို့သော လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်းပေးထားသည်။ ၎င်းလုပ်ဆောင်ချက်သည် အသုံးပြုသူတစ်ဦးအား ဖုန်းနှင့် ဝင်းဒိုးကွန်ပျူတာအကြားတွင် ချောမွေ့စွာ အလုပ်လုပ်ဆောင်နိုင်သည်။ ဥပမာအားဖြင့် Edge တွင် ဝဘ်ပေ့တစ်ခုကို ဖွင့်မည်ဆိုပါက စားပွဲတင်ကွန်ပျူတာတွင်လည်း ထိုတူညီသည့်စာမျက်နှာကို တိကျစွာ ဖွင့်ပေးနိုင်မည် ဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် Apple's Handoff နှင့် မတူညီပေ။[၇][၈][၉][၁၀][၁၁]
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ပလေးစတိုးတွင် ဤဆော့ဝဲအား ဒေါင်းလုတ်ပြုလုပ်သူ ၁၀ သန်းရှိခဲ့သည်ဟု မိုက်ခရိုဆော့က ထုတ်ပြန်ခဲ့သည်။[၁၂]