![]() | |
ဝဘ်ဆိုဒ် အမျိုးအစား | Political self-test, political blog |
---|---|
ဖတ်ရှုရရှိနိုင်မှု | အင်္ဂလိပ်၊ ဘူဂေးရီးယား၊ ချက်၊ ဂျာမန်၊ စပိန်၊ ပြင်သစ်၊ အီတလီ၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ရုရှား၊ တူရကီ |
ဖန်တီးသူ | ဝိန်း ဘရစ်တန်ဒန်[၁] |
တည်းဖြတ်သူ | ဝိန်း ဘရစ်တန်ဒန်[၁] |
ဝဘ်ဆိုဒ် | politicalcompass.org |
စီးပွားရေး | မရှိ |
မှတ်ပုံတင်ခြင်း | မရှိ |
လွှင့်တင်ခြင်း | ဒီဇင်ဘာ ၂၀၊ ၂၀၀၀[၂] |
လက်ရှိ အခြေအနေ | ရှိဆဲ |
The Political Compass သည် နိုင်ငံရေးအမြင်ကို ခန့်မှန်းခြေတိုင်းတာပေးသောဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။ မေးခွန်း ၆၂ ပုဒ်တွင် ဖြေကြားထားခြင်းကို အခြေခံ၍ နိုင်ငံရေးစပက်ထရမ်၏ မည်သည့်နေရာတွင်ရှိသည်ကို နေရာချပါသည်။[၁] မေးခွန်းဖြေကြားပုံမှာ နိုင်ငံရေးအကြောင်းအရာကို "အလွန်သဘောတူသည်၊ သဘောတူသည်၊ သဘောမတူပါ၊ အလွန်သဘောမတူပါ" ဟူသောအဖြေများထဲမှ တစ်ခုကိုရွေးချယ်ရမည်ဖြစ်သည်။[၃]
ထိုဝက်ဘ်ဆိုက်သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံတွင် ထည်ထောင်ခဲ့သည်ဟုဆိုကြသည်။[၄][၅] ဝက်ဘ်ဆိုက်၏မူပိုင်ခွင့်ကို နယူးဇီလန်နိုင်ငံရှိ "Pace News Limited"[၆] ဟူသောကုမ္ပဏီမှ ပိုင်ဆိုင်ထားသည်။ ထိုကုမ္ပဏီ၏ ဒါရိုက်တာမှာ ဝိန်း ဘရစ်တန်ဒန် (Wayne Brittenden) ဖြစ်သည်။[၇] "The New York Times" သတင်းစာသည်လည်း ထိုဝက်ဘ်ဆိုက်ကို ဘရစ်တန်ဒန်မှ ပြုလုပ်ထားသည်ဟုဆိုခဲ့သည်။[၁] တွမ် ယူတလေ (Tom Utley) ကမူ ထိုဝက်ဘ်ဆိုက်သည် "The World Action" ဟူသော ပရဟိတဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်ထားသည်ဟုဆိုသည်။[၃] ထိုဝက်ဘ်ဆိုက်၏ အစောပိုင်းဗားရှင်ကို "The World Action" ၏ဆာဗာ၌ တည်ထောင်ခဲ့သည်။[၈]